Skip to main content
Turiyar Store

Warranty

တူရိယာစတိုးမှ ရောင်းချသော ပစ္စည်းအားလုံး နီးပါးအားအလုံးစုံ အာမခံ (၁၂)လ ပါမည် ဖြစ်ပါသည်။

အလုံးစုံ အာမခံဆိုသည်မှာ အာမလံကာလအတွင်း ပြင်ဆင်ရန်လိုအပ်လာပါက အပိုပစ္စည်းနှင့် လက်ခ အားလုံး အခမဲ့ ဖြစ်ပါသည်။ ဤအာမခံမှာ ရိုးရှင်း၍ သုံးစွဲသူအပေါင်းတွက် တမူထူးခြားသည့် ဝန်ဆောင်မှု တစ်ရပ်လည်း ဖြစ်ပါသည်။

    သတိပြုရမည့် အချက်များမှာ

၁။ အာမခံဆိုသည်မှာ ပျက်ဆီးဆုံးရှုံးမှုတိုင်းအတွက် မဟုတ်ပါ။ အာမခံပစ္စည်းအား ပုံမှန်အခြေအနေတွင် အသုံးပြုရင်း အလုပ်မလုပ်တော့ခြင်းအတွက်သာ အာမခံပါသည်။ (ဥပမာ - မီးအားအတက်အကျ ပုံမှန်မဟုတ်သော အခြေအနေတွင် သုံးစွဲခြင်း၊ ရန်သူမျိုးငါးပါးကြောင့် ပျက်ဆီး ထိခိုက်မိခြင်းများ စသည်တို့အတွက် အာမမခံပါ။)

၂။ သုံးစွဲ၍ ပျက်ဆီးနိုင်ခြင်းများ (ဥပမာ - ဂစ်တာကြိုးပြတ်ခြင်း၊ effect များ မီးလုံးကျွမ်းခြင်း၊ ကီးဘုတ် rubber contact များ စားခြင်း၊ ခလုတ်များ ပွန်းခြင်း၊ ဘော်ဒီပဲ့ခြင်း) အတွက် အာမမခံပါ။
၃။ Cymbals ကဲ့သို့သော ပစ္စည်းများ အာမမခံပါ။
၄။ သုံးစွဲသူများ နစ်နာဆုံးရှုံးမှု မရှိအောင် အတတ်နိုင်ဆုံး အာမခံပေးမည် ဖြစ်ပါသည်။ သို့သော် မရိုးသားသော သဘောဖြင့် အာမခံတောင်းခြင်းအား လက်ခံမည် မဟုတ်ပါ။
၅။ အာမခံပေးခြင်း မပေးခြင်းသည် တူရိယာစတိုး၏ ဆုံးဖြတ်ချက်သာ အတည် ဖြစ်ပါသည်။